Interview

ပါလက်စတိုင်းဟာ နိုင်ငံတည်ထောင်ဖို့ ကြိုးစားနေခဲ့ပေမယ့် ကုလသမဂမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပိတ်ပင်ထားမှုကြောင့် အရာမထင်သေးဘူးဖြစ်နေပါတယ်။ ဒါပေမဲ့ ကုလသမဂလက်အောက်ခံအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ ယူနက်စကိုအဖွဲ့ကြီးကတော့ ပါလက်စတိုင်းကို မကြာမီက အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တဲ့အတွက် အမေရိကန်နဲ့ အစ္စရေး ရဲ့ ရန်ပုံငွေထည့်ဝင်မှုရပ်တန့်ကာ ဒဏ်ခတ်အရေးယူမှုတွေကို ခံခဲ့ရပါတယ်။ ဒါကြောင့် ယူရိုသတင်းဝက်ဘ်ဆိုက်ဟာ ပါလက်သမ္မတ မာမွတ်အဘတ်စ်နဲ့ တွေ့ဆုံကာ ဒီ အကြောင်းတွေကို မေးမြန်းထားပါတယ်။ ယခုအဲဒီမေးမြန်းမှုတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ် တဲ့ ယူနက်စကို( UNESCO )  ခေါ် ကုလသမဂ္ဂပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ကြီးဟာ  ပါလက်စတိုင်း နိုင်ငံကို အဖွဲ့ရဲ့ ၁၉၅ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် မကြာသေးမီကပဲ လက်ခံခဲ့ပြီဖြစ်ပါတယ်။ ယူနက်စကိုရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပေမယ့် ယခုတော့ ကုလရဲ့ အရေးပါတဲ့အဖွဲ့တစ်ခုမှာတော့ အမေရိကန်နဲ့ အစ္စ ရေးတို့ရဲ့ အပြင်းအထန်ကန့်ကွက်မှုတွေကြားကပဲ ပါလက်စတိုင်းတို့
နေရာရသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ယူနက်စကိုအဖွဲ့ကြီးအတွက် တော့ ယခုလို ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် သမိုင်းဝင် အငြင်းပွားဖွယ်သတ်မှတ်လိုက်တာဟာ တန်ဖိုးတော့ကြီးမားခဲ့ပါတယ်။ အကြောင်းက အမေရိကန်နဲ့ အစ္စရေးဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ မည်သည့် အဖွဲ့အစည်းကိုမဆို ရန်ပုံငွေခွဲဝေ ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ ဥပဒေချမှတ်အရေးယူပိတ်ဆို့ထားတာမို့ ဒီအချက်ကြောင့်ပဲ ကုလသမဂရဲ့ ယူနက်စကိုအဖွဲ့ကြီးဟာ အဓိကထောက်ပံ့သူ အမေရိကန် ရဲ့ ရန်ပုံငွေမရနိုင်တော့ဘဲ ဘဏ္ဍာရေးအရ အခက်ကြုံရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် လတ်တလော ရက်ပိုင်းအတွင်းမှာပဲ ယူရိုသတင်း ၀က်ဘ်ဆိုက်က ယူနက်စကိုရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် အီရီနာ ဘော့ကိုဗာနဲ့ ယူနက်စကိုအဖွဲ့ကြီးရဲ့ အနာဂတ်အကြောင်း မေးမြန်းထား ခဲ့တာတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ရုရှားအောက်လွှတ်တော် ရွေးကောက်ပွဲတွေဟာ အတိုက်အခံတို့ဘက်က ကန့်ကွက်မှုတွေကိုပါ ဆူညံစေခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ယူနိုက်တက် ရုရှားကပဲ အမတ်နေရာ ထက်ဝက်ကျော်နဲ့ အသာစီးရခဲ့တာကြောင့် ယခင်သမ္မတဟောင်းဘ၀ကနေလက်ရှိဝန်ကြီးချုပ်တာဝန်ယူထားပြီး သမ္မတတစ်ကြိမ် ပြန်ဖြစ်ဖို့တာစူလာနေတဲ့ ကေဂျီဘီအေးဂျင့်ဟောင်း ပူတင်ရဲ့ အနေအထားကိုပါ သံသယဖြစ်စရာတွေပေါ်လာနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲရလဒ် တွေမှာ မဲခိုးမှုတွေရှိခဲ့တယ်လို့ ယူဆခဲ့ရတဲ့ သန့် ရှင်းတဲ့ဒီမိုကရေစီစနစ်ကို ထောက်ခံသူ ရုရှားပြည်သူထောင်ပေါင်းများစွာဟာ မြို့ကြီးများမှာငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြမှု တွေပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိမှာ ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်က ယူနိုက်တက်ရုရှားပါတီဟာ အောက်လွှတ်တော်သစ်အတွက် အမတ်နေရာ ၄၅၀ မှာ ၂၃၈နေရာ အနိုင်ရထားကြောင်း ဒီဇင်ဘာ ၉ ရက်က ကြေညာ ထားသလို လက်ရှိသမ္မတ မက်ဗီဒက်ကလည်း ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုစွဲချက်တွေကို စုံစမ်းစစ်ဆေးသွားဖို့ အမိန့် ပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အမည်ခံကွန်မြူနစ်စနစ်နဲ့ တစ်ပါတီနောက် ကြောင်း လှည့်သွားတော့မလား စောင့်ကြည့်ရပါတော့မယ်။ ဒါကြောင့်ပဲ
ဒီလိုအချိန်မှာ ဂျာမန်စပိုင်းဂဲလ်မီဒီယာက ယခင် သမ္မတဘောရစ်ယဲ့လ် ဆင်လက်ထက်မှာ လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး လက်ရှိမှာ ရုရှားရဲ့ ထိပ်တန်းအတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ်နဲ့ မျက်မှောက် ရုရှားနိုင်ငံရေးမြင်ကွင်းအကျဉ်းကို သိရအောင် ရုပ်လုံးဖော်မေးမြန်းထားတာလေးကို ပြန်လည်ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်။

ဥရောပဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်းမှာ ဥရောပ စီးပွားရေးကိုကယ်တင်ဖို့ ဂျာမနီက ဇာတ်လိုက်လုပ်မယ်ဆိုရင် လူကြမ်းတွေက ဂရိ၊ ပေါ်တူဂီ၊ အီတလီတို့ဖြစ်ဖို့များပါတယ်။ ပေါ်တူဂီဟာ ယခုနှစ်အတွင်းမှာပဲ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ရဲ့ ဘဏ္ဍာရေးကယ်ဆယ်မှုနဲ့ ရပ်တည်ခဲ့ရပြီး လာမယ့်နှစ်မှာလည်း ဒဏ်ရာမ ကျက်သေးတဲ့ ၎င်းရဲ့ စီးပွားရေး ဟာ တိုးတက်မှုနှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်းပဲရှိနိုင်မယ်လို့ ခန့်မှန်းနေရပါတယ်။ ဒါပေမဲ့ပေါ်တူဂီသမ္မတအန်နီဘယ်ကာဗာကို ဆေးလ်ဗား ကတော့ ပေါ်တူဂီနဲ့ ဂရိကိုနှိုင်းယှဉ်လို့မရဘူးလို့ ဆိုထားပြီး ယူရိုငွေအပေါ် ယုံကြည်မှုကလည်း ခိုင်မြဲနေတာတွေ့ရပါတယ်။  ဒါ့ကြောင့် တိုင်းမ်မဂ္ဂဇင်းနဲ့ သမ္မတဆေးလ်ဗားတို့ရဲ့ အမေးအဖြေတွေကို တင်ဆက်ပေးလိုက် ရပါတယ်။

ဥရောပ ဘဏ္ဍာရေးအကျပ်အတည်းဟာ မပြီးသေးတဲ့ ပန်းချီကားတစ်ချပ်လို ခပ်ဝါးဝါးဖြစ်နေဆဲပါ။ ဂရိ၊ အီတလီတို့လို နိုင်ငံတွေရဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့အတူ ယူရိုငွေကြေး တစ်ရပ်လုံးပါယိုင်နဲ့လာချိန်မှာ ဥရောပဟာဘဏ္ဍာရေးအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်မလဲလို့ အဖြေရှာတဲ့အခါ    ဥရောပရဲ့ အကြီးမားဆုံး စီးပွားရေးပိုင်ရှင် ဂျာမနီနဲ့ ပြင်သစ်လို နိုင်ငံတွေရဲ့ အကူအညီက အရေးအကြီးဆုံးပဲ လို့မြင်လာနေကြပါတယ်။ ဒီအချိန်မှာ ယခင် အီတလီဝန်ကြီးချုပ် ဟောင်းဖြစ်ပြီး ဥရောပကော်မရှင်ရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ်သူ ရိုမာနိုပရိုဒီကတော့ ဂျာမနီဟာ အကျပ်အတည်းအတွက် နောက်ဆုံးမှာ လုံးဝရပ်တည်ပေးရမှာဖြစ်ပြီး ဥရောပကြွေးမြီပြဿနာကိုဖြေရှင်းဖို့ ၎င်းရဲ့သတ္တိကိုလည်း ပြသရမှာဖြစ်တယ်လို့ဆိုပါတယ်။ ယခုဖော်ပြလိုက်တာက ၀န်ကြီးချုပ်ဟောင်း ပရိုဒီနဲ့ ဂျာမန်စပိုင်းဂဲလ်မီဒီယာတို့ရဲ့ အမေးအဖြေများမှ ကောက်နုတ်ချက်များပဲဖြစ်ပါ တယ်။

ဇင်ဘာဘွေရဲ့ လက်ရှိဝန်ကြီးချုပ် မော်ဂန်ချန်ဂရိုင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ကပဲ ဇင်ဘာဘွေယဉ်ကျေးမှုထုံးစံအရ နိုဝင်ဘာမှာလက်ထပ်ပွဲမလုပ်တဲ့ဓလေ့ကိုချိုး ဖျက်ကာ အစဉ်အလာကိုတွန်းလှန်ပြီး ဂိုတာဒီဟာတင်မ်ဘိုဆိုသူ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်လိုက်ပါတယ်။ ဇင်ဘာဘွေယဉ်ကျေးမှုအရ အယူရှိတာကတော့ နိုဝင်ဘာလမှာ လက်ထပ်ပွဲလုပ်ရင် ကံမကောင်းတတ်ဘူးလို့ယူတာဖြစ်ပေမယ့် ၀န်ကြီးချုပ်ချန်ဂရိုင်းကတော့ သတို့သမီးကြေး ဒေါ်လာ ၃၆၀၀၀ နဲ့ နွား ၁၀ ကောင် တင်တောင်းကာ အစဉ်အလာလက်ထပ်ပွဲပြုလုပ်ပြီး ထိမ်းမြားခဲ့ပါတယ်။ ဒါဟာ ၀န်ကြီးချုပ်အတွက် ဒုတိယအိမ်ထောင်ဖြစ်ပြီး   ပထမအိမ်ထောင်ဖြစ်တဲ့ ဇနီးသည်ဆူဆန် ကတော့ ၂၀၀၉ မှာ ယာဉ်မတော်တဆမှုဖြစ်ပြီးဆုံးပါးခဲ့ပြီးပါပြီ။ ယခု အိမ်ထောင်ဖက်မစ္စတင်မ်ဘိုကတော့ ချန်ဂရိုင်းရဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်သူ သမ္မတမူဂါဘီရဲ့ ဇနူ-ပီအက်ဖ်ပါတီမှ လွှတ်တော်အမတ်တစ်ဦးရဲ့ညီမလည်း ဖြစ်ပါတယ်။
ဇင်ဘာဘွေရဲ့   အင်အားအကြီးဆုံးအတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ချန်ဂရိုင်းဟာ ၂၀၀၈ ရွေးကောက်ပွဲမှာ ၄င်းရဲ့ ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှုပါတီ(MDC)နဲ့ အနိုင်ရခဲ့ပေမယ့် မဲရလဒ်အငြင်းပွားမှုတွေကြောင့် မူဂါဘီနဲ့ ကန့်ကွက်သူတွေအကြား အကြမ်းဖက်မှုတွေဖြစ်ပွားစေခဲ့ပါတယ်။ ဒီနောက် ၂၀၀၉ မှာတော့ နိုင်ငံကို ကြာရှည်ထိန်းချုပ်လာတဲ့ မူဂါဘီနဲ့ သဘောတူညီချက်ရလို့ အစိုးရအဖွဲ့မှာ ပူးတွဲပါဝင်ခဲ့ကာ ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၎င်းဟာ လာမယ့်နှစ်ရွေးကောက်ပွဲ တွေမှာတော့ သမ္မတလောင်းအဖြစ် ထပ်မံအရွေးချယ်ခံဦးမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဇင်ဘာဘွေရဲ့ အဖိနှိပ်ခံ အတိုက်အခံခေါင်းဆောင်ဘ၀ကနေ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီး နောင်မှာလည်း သမ္မတအဖြစ်ဦးဆောင်ဖို့ အလားအလာရှိနေတဲ့ မစ္စတာချန်ဂရိုင်းနဲ့ တိုင်းမ်မဂ္ဂဇင်းတို့ရဲ့ မေးမြန်းထားမှုတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ယခုရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့ အီရန်တို့ရဲ့စစ်ရေးအရ ပြင်ဆင်မှုနဲ့ အပြန်အလှန်  ခြိမ်းခြောက်နေမှုတွေဟာ အာရုံစိုက်စရာဖြစ်လာနေပါတယ်။ မကြာသေးမီက ကုလသမဂ္ဂရဲ့ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ထုတ်ပြန်ချက်မှာလည်း အီရန်ဟာ သိပ်မကြာခင်မှာပဲ နျူလက်နက်တစ်မျိုး ထုတ်လုပ်နိုင်တော့မှာ ဖြစ်တယ်လို့ ဖော် ပြခဲ့တဲ့ အတွက် အီရန်ရဲ့အနေအထားဟာ ပိုမိုအငြင်းပွားဖွယ်ဖြစ်လာနေပါတယ်။ ဒီအတောအတွင်း လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာကိုင်စွဲခွင့်ရ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံငါးနိုင်ငံမှ တစ်နိုင်ငံဖြစ်တဲ့ ရုရှားကလည်း အီရန်အပေါ် ကုလအရေးယူပိတ်ဆို့မှုအသစ်တွေကို ထောက်ခံမှာမဟုတ်ဘူးလို့ ပြောထားတဲ့အတွက် ရှုပ်ထွေးမှုတွေ ပိုများလာနေပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ဂျာမန်စပိုင်းဂဲလ်မီဒီယာက   အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက္ကဘာဆလာဟီ(၆၂ နှစ်)နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ ၀န်ကြီးဆလာဟီကတော့အီရန်ဟာ နျူဗုံးထုတ်နေတယ် ဆိုတဲ့အပြောတွေ ဟာ အနောက်တိုင်းရဲ့ ၀ါဒဖြန့်ချိမှုသာဖြစ်ပြီး တီဟီရန်ရဲ့ ရန်သူ တွေကိုလည်း အီရန်အပေါ် လျှို့ဝှက်စစ်ပွဲဆင်နွှဲဖို့ ကြိုးစားနေတာကို ရှုတ်ချလိုက်ပါတယ်။

မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာ့စီးပွား ရေးအင်အားအကြီးဆုံး အမေရိ ကန်ပြည်ထောင်စုနဲ့ ကပ်လျက် တည်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ် ပါတယ်။ ဒါ့အပြင် မက္ကဆီကိုဟာ အမေရိကန်ကို တင်ပို့သမျှ မူးယစ် ဆေးဝါးအများစု ဖြတ်သန်းရာ ကြားခံနယ်မြေတစ်ခုဖြစ်နေပြီး  သမ္မတ ဖိလစ်ပီကယ်ဒါရွန်က တော့ ဒါဟာ အမေရိကန်ရဲ့ မူး ယစ်ဆေး မှောင်ခိုဈေးကွက်က လိုအပ်ချက်ရှိနေသမျှ ဖြေရှင်းဖို့ ခက်ဦးမယ်လို့ ပြောထားပါတယ်။ ယခုဖော်ပြလိုက်တာကတော့ မက္ကဆီကိုသမ္မတ ဖိလစ်ပီကယ်ဒါ ရွန်နဲ့ တိုင်းမဂ္ဂဇင်းတို့ရဲ့ အမေးအ ဖြေများကို ပြန်လည်တင်ဆက် လိုက်ခြင်းပါ။ ဒီအင်တာဗျူးမှာ သမ္မတကယ်ဒါရွန်ဟာ အမေရိ ကန်-မက္ကဆီကို ဆက်ဆံရေးအ ကြောင်း၊ မူးယစ်ဆေးပြဿနာ အ ကြောင်းတွေကို ဖြေကြားထား တာဖတ်ရှုရမှာဖြစ်ပါတယ်။

7daynewsjournal.com

Most View