Technology

ရန်ကုန်၊ မေ-၅

ခိုင်ချို၊ ဆွေမွန်

Postpaid ဖုန်းများကို မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ Outbound ယူဆောင်အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် မှတ်ပုံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ မေ-၃

ခိုင်ချို၊ ဆွေမွန်

အင်တာနက်အသုံးပြုသူ များပြားလာသည်နှင့်အမျှ အွန်လိုင်းတွင် ဈေးဝယ်ခြင်းများ ယခုနှစ်ပိုင်းအတွင်း ပိုမိုတွင်ကျယ်လာကြောင်း သတင်းရရှိသည်။

ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချပေးခဲ့သည့် CDMA 800 MHZ စနစ်ဆင်းမ်ကတ်များ အသုံးပြုရန်အတွက် ဖုန်းဆိုင်အများစုမှာဟန်း
ဆက်အများအပြား ကြိုတင်စုဆောင်းထားခြင်း၊ ဟန်းဆက်ဈေးနှုန်း မြင့်တက်သွားခြင်းများရှိခဲ့သည်။ သို့သော် ရောင်းချပေးခဲ့သည့် ဆင်းမ်ကတ်အရေအတွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ သုံးသိန်းခွဲသာ ရောင်းချပေးခဲ့ခြင်းကြောင့် ဖုန်းဆိုင်များ၌ ရောင်းအားထူးထူးခြားခြား ရိုက်ခတ်မှုမရှိဘဲ ပုံမှန်သာ အရောင်းအ၀ယ်ဖြစ်နေကြောင်း ဖုန်းဆိုင်များကဆိုသည်။

ရန်ကုန်၊ ဧပြီ-၂၇

ပြည်ဘားကမ့်ပ်ကို ဒုတိယအကြိမ်ကျင်းပနိုင်ရန် Barcam Pyay 2013 Organizer Team က စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ ၂၅

MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းဖုန်းများမှာ သတ်မှတ်ထားသော ရေဒီယိုစခန်းများ၏ နယ်နိမိတ်အတွင်းမှ ပြည်တွင်း၊ ပြည်ပသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ-၂၆

ကျင်းဆောင်

ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ရန် ဖော်ပြထားသည့် နံပါတ် ၃၄၅၆ မှာ ၁၅၀၀ တန် CDMA-800 MHz မိုဘိုင်းဖုန်းများဖြင့်သာ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၃၄၅၆ ကို အခြားဖုန်းဖြင့် ဆက်သွယ်ပါက ခေါ်၍မရပေ။

ရန်ကုန်၊ ဧပြီ-၂၀

တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းမ်ကတ်များ ထွက်ပြီးနောက်ပိုင်းတွင်လည်း အများပြည်သူသုံးတယ်လီဖုန်း (PCO) များကို ပြန်လည်သိမ်းယူသွားမည်မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ-၂၀

ဧပြီလ ၂၄ ရက်တွင် ကျပ် ၁၅၀၀ ဖြင့် ရောင်းချမည့် တန်ဖိုးနည်း စီဒီအမ်အေမိုဘိုင်းဆင်းမ်ကတ်များကို လက်ရှိရောင်းချသုံးစွဲနေသည့် ငွေဖြည့်ကတ်များဖြင့် အသုံးပြု၍ မရဘဲ MECTel အမှတ်တံဆပ်ပါ ငွေဖြည့်ကတ်များဖြင့်သာ အသုံးပြုဆက်သွယ်နိုင်မည်ဖြစ်ရာ ယင်းငွေဖြည့်ကတ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဖုန်းဆိုင် ၇၈ ဆိုင်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ-၆

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီ USAID ၏ အကူအညီဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်နှစ်ခုတွင် Cisco ၏ ပထမဆုံး Networking Academy များကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ-၇

စတင်ရောင်းချမည့် ကျပ် ၁၅၀၀ တန်ဖိုးရှိ မိုဘိုင်းဆင်းမ်ကတ်များကို နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ အရေအတွက် သုံးသိန်းခွဲခန့်သာ ခွဲဝေရောင်းချပေးမည်ဖြစ်သောကြောင့် ဈေးကွက်၌ ရိုက်ခတ်မှုမကြီးမားနိုင်ကြောင်း ရန်ကုန်မြို့ရှိ ဖုန်းဆိုင်များထံမှ သတင်းရရှိသည်။

7daynewsjournal.com

Most View