Sports

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ၂၀၁၄ အာရှအမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲများကို မေလနောက်ဆုံးပတ်
အတွင်းစတင်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ အာရှတိုက်အတွင်းမှ အသင်းပေါင်း ၂၀ ၀င်ရောက်ယှဉ်ပြိုင်မည့် အဆိုပါ ခြေစစ်ပွဲစဉ်များကို အုပ်စု(၄) ခုခွဲခြားထားပြီး မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အုပ်စု(ဃ)တွင် တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ ပါလက်စတိုင်းအသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရန်ကုန်၊ မေ-၅

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်နဂါးလှေလှော်ပြိုင်ပွဲသို့ မြန်မာ့(ရိုးရာ)လှေလှော်အဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါပြိုင်ပွဲကို မေလ ၁၈ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ မရီနာကမ်းခြေတွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ သိရှိရသည်။

ရန်ကုန်၊ မေ-၎

(၁၁)ကြိမ်မြောက် အရှေ့တောင်အာရှ တိုက်ကွမ်ဒိုချန်ပီယံရှစ်ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးမည့် နေပြည်တော်အနီးတစ်ဝိုက်မှ ပရိသတ်များအတွက် အခမဲ့ကြိုပို့နှင့် အစားအသောက်များ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ မေ-၎

ရန်ကုန်မြို့တွင် ရန်ပုံငွေဘောလုံးပွဲ လာရောက်ကစားမည့် မန်ယူကစားသမားဟောင်းလေးဦးနှင့် ညစာအတူစားသုံးနိုင်မည့် လက်မှတ်များကို ပရိသတ်များအတွက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊မေ-၆

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့မှ အားကစားသမား ၇၀၀ ကျော်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ -၂၆

မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိပြီဖြစ်သည့် နည်းပြဖာဂူဆန်သည် အလွန်ထူးချွန်သူဖြစ်ပြီး ၎င်းအနားယူသွားပါက မန်ယူအသင်းအနေဖြင့် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း မန်ယူကစားသမားဟောင်း ဒင်းနစ်အာဝင်က ပြောသည်။

ရန်ကုန်၊ ဧပြီ-၂၈

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အားကစားနည်းခုနစ်မျိုးကို ရန်ကုန်မြို့ရှိ အားကစားကွင်း၊ အားကစားရုံနေရာခြောက်ခုတွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ-၁၉

လာမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသော မြန်မာအားကစားအဖွဲ့ကို လာရောက်ကူညီလေ့ကျင့်ပေးနေသည့် တရုတ်နှင့် ထိုင်းနည်းပြဆရာများနှင့် တွဲဖက်ပေးနိုင်ရန်  စကားပြန်များခေါ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ဧပြီ-၁၉

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)က ကြီးမှူးကျင်းပမည့် ၂၀၁၃ အာဆီယံ အမျိုးသမီးဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ-၂၀

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းနှင့်  ခြေစမ်းကစားရန်အတွက် ဘာရိန်း၊ တာ့မခ်နစ္စတန်အသင်း များကို ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

7daynewsjournal.com

Most View