Regional

နေပြည်တော်၊ မေ- ၁၀

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင် မေလ ၁၁ ရက် ညပိုင်း၌ နေပြည်တော်ရဲတပ်ဖွဲ့များက ပြည့်တန်ဆာလုပ်ကိုင်သူများကို လိုက်လံဖမ်းဆီးရာ တစ်ညတည်းမှာပင် ပြည့်တန်ဆာခေါင်းငါးဦးနှင့် ပြည့်တန်ဆာရှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ သတင်းရရှိသည်။

ရန်ကုန်၊ မေ-၁၀

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် စစ်တပ်က သိမ်းဆည်းထားသော မြေဧကတစ်သောင်းခန့်ကို ဒေသခံများ ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် နေပြည်တော်တွင် သက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးနိုင်ကဆုမွန်က ပြောသည်။

နေပြည်တော်၊ မေ- ၁၀

ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များမတိုင်မီ တန်ဖိုးနည်းဖုန်းအဖြစ် ငှားရမ်းသုံးစွဲခွင့်ပြုခဲ့သည့် ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဆင်းမ်ကတ်များ ကျပ်တစ်သိန်းကျော်ဖြင့် အ၀ယ်လိုက်နေကြောင်း နေပြည်တော်ရှိ မိုဘိုင်းဖုန်းသုံးစွဲသူအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

မုံရွာ၊ မေ-၁၂

မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း ပြည်တွင်း စိုက်ပျိုးရေးကုမ္ပဏီအချို့နှင့် ဒေသခံတောင်သူများ သနပ်ခါး စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြသဖြင့် ယာမြေဈေးနှုန်း သိသိသာသာ မြင့်တက်လာကြောင်း ကနီတောင်လက် ဒေသခံတောင်သူများက ပြောသည်။

မုံရွာ၊ မေ-၁၀

မုံရွာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သော တောင်သူအများစုသည် မိုးရာသီ သီးနှံစိုက်ပျိုးရန်အတွက် ရာသီဥတု အခြေအနေများအား အမြဲမပြတ်စောင့်ကြည့်လေ့လာသူ ပိုမိုများပြားလာကြောင်း ဒေသခံတောင်သူများကပြောသည်။

ရန်ကုန်၊ မေ- ၁၀

အောင်ခိုင်၊ ရဲနောင်

ဒေသပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ပြည်ပရောက် ရခိုင်တိုင်းရင်းသားများ ပြန်လာရန်လိုအပ်နေပြီဖြစ်ကြာင်း ရခိုင်အမျိုးသားအင်အားစုများကတိုက်တွန်း ပြောကြားသည်။

မုံရွာ၊ မေ- ၁၀

မုံရွာမြို့၊ အောင်ချမ်းသာမြို့သစ်ရပ်ကွက်၊ ရောင်ခြည်သစ်ပရဟိတ မျက်မမြင် သင်တန်းကျောင်းမှအိမ်တွင်းမှု အသက်မွေးပညာ သင်တန်းတစ်ခုကို ဧပြီလအတွင်း သင်ကြားခဲ့ပြီးနောက် ယခုနှစ် မေလ ဒုတိယပတ်အတွင်း ဆပ်ပြာရည် နှစ်မျိုး၊ ခေါင်းလျှော်ရည်သုံးမျိုးစတင်၍ထုတ်လုပ်ခဲ့ရာ မကြာမီဈေးကွက်အတွင်း ဖြန့်ချိမည်ဖြစ်ကြောင်း ရောင်ခြည်သစ်မျက်မမြင်
သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးကြည်ကပြောသည်။

မုံရွာ၊ မေ- ၃

မုံရွာမြို့နယ်၊ မုံရွာနည်းပညာတက္ကသိုလ်အနီး သစ်ညိုပင်ကျေးရွာစိုက်ခင်းအတွင်းတွင် လျှော်ဖြူပင်စိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင်
လျက်ရှိကြောင်း သစ်ညိုပင်ကျေးရွာဒေသခံများထံမှ သိရသည်။

ထားဝယ်၊ မေ- ၃

စိုးမိုးအောင်

နဘုလယ်ဒေသ၌ အကောင်အထည်ဖော်လျက်ရှိသည့် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း ဧရိယာတွင် ပါဝင်နေသည့် ဥယျာဉ်၊ ခြံမြေများအတွက် လျော်ကြေးမရသေးသူများ ကျန်ရှိနေသေးကြောင်း သိရသည်။

နေပြည်တော်၊ မေ- ၃

စာပို့လုပ်ငန်းသုံးခုကို ကျပ်သိန်းငါးရာစီဖြင့် တရားဝင်လိုင်စင်ထုတ်ပေးထားခြင်းမရှိကြောင်း ဆက်သွယ်ရေးသတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

7daynewsjournal.com

Most View