Opinion

မင်းသန်းထိုက်(ဒေးဒရဲ)
“အရှေ့ဘက်တွင် တရုတ်၊ အနောက်ဘက်တွင် အိန္ဒိယ၊ နိုင်ငံကြီးနှစ်နိုင်ငံ၏ အကြားတွင်ရှိခဲ့သော မြန်မာသည် အိမ်နီးချင်းနိုင်ငံတို့၏ ယဉ်ကျေးမှုတို့ကို ကျင့်သုံး
ခဲ့ပြီးနောက် တဖြည်းဖြည်း တစ်စတစ်စ မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီအောင် ပြုပြင်နေထိုင်ခဲ့ရာမှ မြန်မာမှုတို့ ပီပီပြင်ပြင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်”

ကျွန်တော်တို့ ကုမ္ပဏီမှ ရုံးပို့/ကြိုကားသည် လှည်းတန်းမှထွက်ပြီး ပြည်လမ်းမကြီးတစ်လျောက် မင်္ဂလာဒုံဘက်သို့မောင်းလာစဉ်ရွှေဟင်္သာကွန်ဒိုအကျော် အာစီ-၂ လမ်းခွဲသို့အရောက်တွင်ရှေ့မှ အငှားကားနှစ်စီးသည် မ၀င်ရဟုသတိပေးချက်ရေးသားထားသော လမ်းထဲသို့ ရုတ်တရက် ချိုးဝင်မောင်းနှင်သွားလေသည်။

ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး ရန်ကုန်မြို့တွင်း ပြေဆွဲနေသည့် ခရီးသည်တင် လိုင်းကားများတွင် အမျိုးသမီး သီးသန့်သာစီးနင်းခွင့်ရှိသည့် ယာဉ်များစမ်း
သပ်ပြေးဆွဲနေသည်။လူအများစုကမူ ထိုသို့အမျိုးသမီးသီးသန့်ယာဉ်လိုင်းများ ပြေးဆွဲခြင်းမှာ ထောက်လှမ်းရေးရန်မှကာကွယ်ရန်ဟူ၍ ယူဆနေကြ
သည်။ ဟုတ်တော့လည်း ဟုတ်သလိုရှိသား။ ရုံးဆင်းချိန်၊ရုံးတက်ချိန် ခရီးသည်များလို့ ကားကျပ်နေချိန်တွေမှာ ကားပေါ်မှာ နှမချင်းမစာမနာအမျိုးသမီးငယ်လေးများအား မဖွယ်မရာ ပြုလုပ်တတ်သည့် ကာမအခွင့်အရေးသမားများ၏ ရန်မှာလည်း အမျိုးသမီးငယ်လေးများအား ခြိမ်းခြောက်လျက်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ပြုမူသူများအား အမည်သညာ ပြုလိုက်ကြသည်ကထောက်လှမ်းရေးဟူ၏။

သင့်ကိုယ်ပိုင် ပထမတန်းစားပုံစံပဲဖြစ်ပါစေ။ တခြားတစ်စုံတစ်ယောက်ရဲ့ ဒုတိယတန်းစားပုံစံဘယ်တော့မှအဖြစ်မခံပါနဲ့။ တနင်္ဂနွေနေ့ရောက်ပြီဆိုတာနဲ့သမီးရဲ့ခန္ဓာ ကိုယ်ထဲမှာ ကြောက်စိတ်တွေက တဖွားဖွားထွက်လာ တော့တယ်။ မျက်ရည်တွေဆိုတာ လည်း သမီးလည်ချောင်းထဲမှာအ စိုင်အခဲနဲ့ အသင့်စောင့်နေသလိုပဲ လေ။ တနင်္ဂနွေညဆိုတာ နောက် တစ်နေ့မှာ ကျောင်းတက်ရတော့ မယ်ဆိုတဲ့ သဘောပဲပေါ့။ တနင်္လာ နေ့ကို မနက်စောစောကျက်သရေ မရှိလှတဲ့ နှိုးစက်သံစူးစူးရှရှနဲ့ စ တင်တယ်။ နေရောင်ခြည်တွေက သမီးအိပ်ခန်းရဲ့ ခန်းဆီးလိုက်ကာ တွေကို ဖောက်ထွင်းဝင်ရောက်မလာသေးခင်မှာပဲ နေ့တစ်နေ့ကို စရတယ်လေ။ အဲဒီနောက်တော့ စိတ် ညစ်ညူးဖွယ်အ၀ါရောင်တောက် တောက်ကျောင်းကားကို လမ်းတစ် လျှောက်မောင်းလာတာကို အိမ် တွေကြားထဲကနေ လှမ်းမြင်နေရ မယ်။ တကယ်တော့ ဒီကျောင်း ကားဝါကြီးဟာ သမီးကို ရန်သူ့ နယ်မြေဆီကို အတင်းအကျပ်သယ်ဆောင်သွားမယ့်မိစာကောင် ကြီးပဲလေ။

မင်းသန်းထိုက်(ဒေးဒရဲ)
၂၀၁၂ ခု ဇန်န၀ါရီ ၂၆ ရက်ထုတ် 7Day News ဂျာနယ်တွင် မနှစ်မြို့ဖွယ် သတင်းတစ်ပုဒ်ကို စိတ်ဆင်းရဲစွာဖြင့် ဖတ်လိုက်ရသည်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ် တွင် ၁၈ နှစ်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးကို အသက် ၂၀ ကျော်အရွယ် အမျိုးသားငယ်တစ်ဦးက လိမ်ညာခေါ်ဆောင်ပြီးသားမယားပြုကျင့်သည့် သတင်းဖြစ် သည်။ အလားတူ သတင်းမျိုးကို ဂျာနယ်များတွင် မကြာခဏဆိုသလိုဖတ်ရသည်။ ဖတ်ရတိုင်းလည်း ဖခင်တစ်ဦးအနေနှင့် သားသမီးချင်း ကိုယ်ချင်းစာစိတ်ဖြင့် စိတ်နှလုံးညှိုးချုံးရပါသည်။

မြန်မာနိုင်ငံမှာမပျက်စီးသေးတဲ့ တန်ဖိုးတွေအများကြီးရှိပါသေးတယ်။ အထူးသဖြင့် မြန်မာလူမျိုးတွေရဲ့ရိုးသားပွင့်လင်းတဲ့အပြုံးတွေဟာ အခြားနေရာတွေမှာတွေ့ဖို့ မလွယ်တဲ့ထူးခြားမှုတွေပါ။
(စီအင်န်အင်န်သတင်းတစ်ပုဒ်မှ ကောက်နုတ်ချက်)

မိုးသားတိမ်တွေနဲ့ မကြည်လင်တဲ့ ဆောင်းရာသီကောင်းကင်ဆောင်းရာသီကာလကို ရာသီဥတု ပညာရှင်တွေက အေးပြီးခြောက်သွေ့တဲ့ကာလလို့ သတ်
မှတ်ခဲ့ကြပါတယ်။ ရာသီဥတုကလည်း ကောင်းကင်ပြာပြာ၊ နှင်းဖွေးဖွေးနဲ့ ရာသီဥတု ကြည်လင်အေးမြနေလေ့ရှိလို့ ပွင့်လင်းရာသီလို့လည်း လူသိများလှပါတယ်။ ဒီ
နှစ်ဆောင်းကတော့ ပြောမယုံ၊ ကြုံဖူးမှသိ ဆိုရမလို မိုးသားတွေတက်၊ ရာသီဥတုက အုံ့မှိုင်းမှိုင်းနဲ့ မိုးဖွဲလေးတွေက ကျလိုက်သေး။ အအေးပိုတစ်ခါ ပေါ့တစ်လှည့်နဲ့၊
တကယ့်ကို မျက်နှာများတဲ့ မိုးကောင်းကင်လို့ ခေါ်ရမတတ်ပါပဲ။  

“ကျန်းကျန်းမာမာ xxx ချမ်းချမ်းသာသာ xxx ဘေးရန် ကာဆီးပြီ xxx    လူမွဲတွေက မနှေးခေတ်မီ  xxx  သူဌေးဖြစ်တော့မည်”
ဒီစာသားတွေပါတဲ့ နဂါးနီသီချင်းကို မြန်မာတိုင်းမှတ်မိကြပါလိမ့်မယ်။ အမှန်တော့ နဂါးနီသီချင်းဟာ နိုင်ငံရေးနိုးကြထကြွမှုမှာ အလွန်အရေးပါခဲ့တာဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အတွက် အားပေးအားမြှောက်ပြုခဲ့တဲ့ သမိုင်းဝင်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆရာက ဒီသီချင်းကို သိပ်ကြိုက်တယ်။ ဆရာငယ်ဘ၀နဲ့ စီးပွားရေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ရင်း အနုပညာအသင်းမှာ ပါဝင်လှုပ်ရှားတဲ့အခါ ဒီသီချင်းကို ကျောင်းသူ၊ ကျောင်းသားတွေကို ဆိုစေခဲ့တယ်။ အမှတ်
ရတာတစ်ခုကတော့ ညဘက် အဆောင်မှာ စာသွားပြရင်း လက်ဖက်ရည်ကို လက်တွန်းလှည်းကလေးနဲ့ ရောင်းနေတဲ့အချိန်မှာ လက်ဖက်ရည် ရောင်းတဲ့သူက နဂါးနီသီချင်းကို ဖွင့်ပြီး “လူမွဲတွေက xx မနှေးခေတ်မီ xxx သူဌေးဖြစ်တော့မည်”ဆိုတာကို ကြော်ငြာခဲ့တာ သတိရနေမိပါတယ်။

ဒေါ်ရှယ်လီနန်းဟွမ်လိတ်
ကျွန်မဒီဆောင်းပါးကို ရေးဖို့ကြံရွယ်နေတာ ကြာပါပြီ။ အလုပ်တစ်ပြီးတစ်ခု ပေါ်လာတာရယ် ယာယီခရီးတိုလေးတွေ ပေါ်လာတာရယ်ကြောင့် နေ့ရွှေ့ ညရွှေ့နဲ့ မရေးဖြစ်တာပါ။ ဒီနေ့မှ Voice ဂျာနယ်ထဲမှာ ဆရာဒေါက်တာအောင်ထွန်းသက်ဆောင်းပါးထဲက ကျွန်မရဲ့ ဆန္ဒနဲ့ထပ်တူဖြစ်တဲ့ တက္ကသိုလ်အဆောင်များ ပြန်ပေါ် ပေါက်လာရေးရယ်၊ နိုင်ငံခြား ပညာတော်သင်များများ လွှတ်ဖို့၊ ကျွမ်းကျင်သူများခေါ်လာပြီး ပညာတတ်ဖြစ်စေဖို့စသည်တို့ကို ဖတ်လိုက်ရပါတယ်။ ရာနှုန်းပြည့် လည်း ထောက်ခံပါတယ်။ ဒါပေမဲ့ ဖြည့်စွက်ချင်တာလေးလည်း ရှိတာနဲ့ ဒီဆောင်းပါးကိုရေးဖြစ်သွားပါတယ်။

ယနေ့အချိန်အခါသည် မိမိတို့တိုင်းပြည်၌ ဒီမိုကရေစီလမ်းစဉ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပါသည်။ ဒီမိုကရေစီ၏ အနှစ်သာရသည် အာဏာကို တစ်ဦး
တစ်ယောက်လက်ထဲသို့ ပုံအပ်ထားခြင်းမဟုတ်ဘဲ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာဟူ၍ ကဏ္ဍသုံးရပ်ခွဲကာ
အာဏာကိုခွဲဝေပေးထားမှုပဲ ဖြစ်ပါသည်။ အပြန်အလှန်ထိန်းကျောင်းမှုစနစ်ဖြင့် မည်သူ့မည်သူမှ အာဏာကို အလွဲသုံးစားမပြုနိုင်ရန် စီမံဖော်ဆောင်ထား
သည့် စနစ်ဖြစ်ပေသည်။ အာဏာသုံးရပ်လုံး၏ အန္တိမရည်မှန်းချက်မှာ ပြည်သူလူထုနစ်နာမှုမရှိစေရန်၊ ပြည်သူလူထုကိုအကာအကွယ် ပေးနိုင်ရန်၊ ပြည်သူ
လူထုအကျိုးစီးပွားတိုးပွားစေရန်ပင်ဖြစ်သည်။ ထိုရည်မှန်းချက်ဖော်ဆောင်ရာတွင် အနည်းစု၏ သဘောဆနကို လေးစားမှုရှိပြီး အများစု၏ သဘောဆန္ဒ
အတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို ဦးတည်ထားသည်။

7daynewsjournal.com

Most View