News

ရန်ကုန်၊ မေ-၅

မိုးညို၊ ဆွေမွန်

ပြည်ပမှတင်သွင်းလာသော ယာဉ်အစီးရေ ၆၀၀၀ ကျော်ကို သဘာဝဓာတ်ငွေ့ (CNG) အဖြစ် ပြောင်းလဲတပ်ဆင်ပေးပြီးဖြစ်ကြောင်း မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အထွေထွေမန်နေဂျာက ပြောသည်။

ရန်ကုန်၊ မေ-၅

တစ်နိုင်ငံလုံးရှိ ဆေးရုံများသို့ ယာဉ်မတော်တဆမှုများဖြင့် ရောက်လာပြီးနောက် သေဆုံးသူအားလုံး၏ သုံးပုံနှစ်ပုံသည် ဆိုင်ကယ်စီးနင်းသူများဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ပါမောက္ခချုပ်က ပြောသည်။ အထူးသဖြင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးသည် ဆိုင်ကယ်မတော်တဆမှုအများဆုံးနေရာများဖြစ်သည်ဟု ပါမောက္ခချုပ်ဒေါက်တာနေစိုးမောင်က ဆိုသည်။

ရန်ကုန်၊ မေ-၆

တွံတေးမြို့နယ် ကရင်ချောင်းကျေးရွာအတွင်း မေလ ၅ ရက်တွင် မိုးသည်းထန်းစွာရွာ၍ လေပြင်းတိုက်ခတ်မိုးကြိုးပစ်မှုကြောင့်  လူနေအိမ်ခြောက်လုံးပျက်စီးခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။

မောင်တော၊ မေ-၅

မောင်ကံ၊ အောင်ခိုင်

နယ်မြေမငြိမ်သက်မှုကြောင့် ၂၀၁၂ခုနှစ်ဇွန်လမှ စတင်၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ မောင်တောဒေသသို့ ထွက်ပြေး
တိမ်းရှောင်လာသူအရေအတွက်မှာ တစ်ထောင်ကျော်ရှိနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်းသတင်းရရှိသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများရှိ ဆရာ၊ ဆရာမများအား လစာငွေများထောက်ပံ့ရန် နိုင်ငံတော်က ငွေကျပ် ၃ဘီလီယံနီးပါး ကျခံသုံးစွဲမည်ဖြစ်ကြောင်း အစိုးရက ကြေညာလိုက်သည်။

နေပြည်တော်၊ မေ-၅

ရာသီဥတုပြောင်းလဲမှုနှင့် လူများ အလျှံပယ်သုံးစွဲမှုများကြောင့် တစ်နှစ်ထက်တစ်နှစ်ပို၍ ရှားပါးလာသော ရေသယံဇာတများကို ထိန်းသိမ်းရန်အတွက် ရေအရင်းအမြစ်စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကိုဖော် စတင်သွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယနေ့ပြောကြားသည်။

ရန်ကုန်၊ ဧပြီ- ၂၅

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)၏ အစီရင်ခံစာသည် ပြည်တွင်းရှိ တိုင်းရင်းသားများ၏ အခွင့်အရေးကိစ္စကို လျစ်လျူရှုရေးသားထားသည်ဟု အဆိုပါအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးနှင့် တွေ့ဆုံပြောကြားခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လူ့အခွင့်အရေးဌာနတာဝန်ခံ ကိုပြုံးချိုကပြောသည်။

ဟေမာနှင်း

ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားကျန်းမာရေး ကွန်ရက်နှင့်ပူးပေါင်းကာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တစ်ခုကို လာမည့် ဇွန်၊ ဇူလိုင်လတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ-၂၇

နိုင်ငံတော်သမ္မတရုံးအပါအ၀င် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၏  စာရွက်စာတမ်းများကို တုပပြုလုပ်ဖြန့်ဝေပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ အရ အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ် ချမှတ်နိုင်ကြောင်း ဥပဒေပညာရှင်များက ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။

ရန်ကုန်၊ ဧပြီ-၂၇

မိုးလေ၀သ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ခန့်အပ်သွားမည်ဖြစ်ကြောင်း မိုး/ဇလဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

7daynewsjournal.com

Most View