News

ရန်ကုန်၊ မေ- ၁၀

အေးမြတ်သူ၊ ပြည်သိမ်း

ကိုရီးယား တောင်/မြောက်နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေသော်လည်း တောင်ကိုရီးယားသွားနိုင်ရန် ကိုရီးယားဘာသာကျွမ်းကျင်မှု စာမေးပွဲ (EPS TOPIK) ဖြေဆိုသူဦးရေ လျော့ကျသွားခြင်းမရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။

မြန်မာနိုင်ငံမှ တရားဝင် အလုပ်သမားအေဂျင်စီနှင့် ဆက်သွယ်ပြီး စင်ကာပူနိုင်ငံတွင် သက်ကြီးလူနာများအတွက် ပထမဆုံးတရားဝင် မြန်မာအမျိုးသားသူနာပြုအကူသည် ပြီးခဲ့သည့်သောကြာနေ့က စတင်အလုပ်ဆင်းခဲ့ကြောင်း စင်ကာပူသတင်းစာမှ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ရန်ကုန်၊ မေ- ၁၁

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်များအကြား နေထိုင်ပြီး မိရိုးဖလာလုပ်ကိုင်စားသောက်နေသော ဒေသခံများ၏ လယ်မြေများ မှတ်ပုံတင်စရာမလိုဘဲ ဘိုးဘွားပိုင်မြေအဖြစ် သတ်မှတ်ရန် တိုင်းရင်းသားအရပ်ဘက်အဖွဲ့စည်းခုနစ်ဖွဲ့က တောင်းဆိုလိုက်သည်။

ရန်ကုန်၊ မေ-၁၃

ရဲနောင်၊ ကျင်းဆောင်

အိန္ဒိယနိုင်ငံမစ်ဇိုရမ်ပြည်နယ်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်သော ချင်းလူမျိုးတစ်သိန်းကျော်သည် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေ၍ လူမှုဘ၀လုံခြုံရေးအတွက် အကူအညီများပေးရန် လိုအပ်သည်ဟု ချင်းနိုင်ငံရေး ပါတီအချို့မှ သတင်းရရှိသည်။

ရန်ကုန်၊ မေ - ၁၀

ကျင်းဆောင်

စီးပွားရေး အကျပ်အတည်းများနှင့် ပညာရေးအခြေခံအားနည်းလာမှုများကြောင့် ကျောင်းနေအရွယ် နာဂတိုင်းရင်းသားကလေး ငယ်များအားရန်ကုန်မြို့ ဘာသာရေး ပရဟိတဂေဟာများသို့ လာရောက်ပို့ဆောင်မှုသည် တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာကြောင်း ရန်ကုန်အခြေစိုက် နာဂကျောင်းသားလူငယ်များ အဖွဲ့ချုပ်မှ သတင်းရရှိသည်။ ယင်းက လေးငယ်များမှာ နာဂဒေသရှိ ပန်အောင်၊ နန်းယွန်းမြို့များမှဖြစ်သည်။

ရန်ကုန်၊ မေ-၉

အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ရခိုင်တိုင်းရင်းသား ၁၀ ဦး၏အမှုကို ကျေနပ်ခြင်းမရှိသဖြင့် ဆက်လက်အယူခံသွားမည်ဟု ယင်းအမှုကူညီဆောင်ရွက်နေသူများက ပြောကြားသည်။

ရန်ကုန်၊ မေ-၉

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်မည့် အခန်းပေါင်း ၄၀၀၀၀ ၀န်းကျင်ပါဝင်သော ဧရာဝဏ်နှင့်ရတနာအိမ်ရာတန်ဖိုးနည်း အိမ်ရာစီမံကိန်းမြေကွက်များတွင် လူပုဂ္ဂိုလ်အချို့ပိုင်ဆိုင်သော နှစ်ခြောက်ဆယ်ဂရန်မြေကွက်များ ပါဝင်နေကြောင်း ၎င်းတို့ကပြောသည်။

ရန်ကုန်၊ မေ-၉

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ကျောက်ချရပ်နားထားသော ကုန်တင်သင်္ဘော၏ ၀မ်းဗိုက်အတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် ရေယာဉ်လုပ်သား သုံးဦးအသက်ရှူကြပ်၍ သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ရန်ကုန်၊ မေ-၁၃

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ကျောင်းသားများ ဒုတိယနှစ် သင်တန်းပြီးဆုံးလျှင် ဒီပလိုမာလက်မှတ် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ မေ-၁၃

သန်းဌေး၊ မိုးညို

နိုင်ငံအ၀န်း အစိုးရက ပထမအသုတ် ချထားပေးသည့် တန်ဖိုးနည်း ၁၅၀၀ တန် ဆင်းမ်ကတ်များအနက် အသုံးအပြုရသေးသောဆင်းမ်ကတ်  ၆၀၀၀ ခန့် ရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဌာနက ယနေ့ထုတ်ပြန်ကြေညာသည်။

7daynewsjournal.com

Most View