မြို့တော်စတော့ဟုမ်းတွင် ငါးရက်ဆက်တိုက် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်ကို ခံစားသိရှိနိုင်ဖို့ အလွန်ပင် ခက်ခဲပါသည်။ ဆွီဒင်မှာ လွန်ခဲ့သော နှစ်များစွာကပင် ရက်ရောသော လူမှုရေး စောင့်ရှောက်မှုများနှင့် သာတူညီမျှ နိုင်ငံရေး ယဉ်ကျေးမှုထွန်းကားခဲ့သော နိုင်ငံဖြစ်သည်။
ယခု ရက်သတ္တပတ်အတွင်း စတော့ဟုမ်းမြို့သို့ ရွှေ့ပြောင်းနေ ထိုင်သူ အများအပြားရှိရာ ရပ် ကွက်များ၌ ဖြစ်ခဲ့သော အဓိက ရုဏ်းများအတွင်း လူငယ်များက ရဲတပ်ဖွဲ့ကို ကျောက်ခဲများနှင့် ပစ်ပေါက်ကြပြီး ကားများမီးတင် ရှို့ကြသောအခါ လူအများအပြား ထိတ်လန့်တုန်လှုပ်သွားကြသည်။