ဈေးဝယ်ထွက်မယ်

Photo

လူမျိုးတစ်မျိုးရဲ့ရိုးရာယဉ်ကျေးမှုပစ္စည်းတွေဆိုတာ တန်ဖိုးကြီးမားသလို  မြတ်နိုးဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ လက်မှုပစ္စည်းတွေရဲ့ တန်ဖိုးကတော့ ပစ္စည်းရဲ့   တန်ဖိုးက ပိုများပြီး လက်ဆောင်ပေးမယ့်သူရော လက်ဆောင်ရမည့်သူရောအတွက် တန်ဖိုးထားစရာ အမှတ် တရပစ္စည်းတစ်ခုဖြစ်လာမှာ သေချာပါတယ်။

ခရီးသွားရာသီဖြစ်တဲ့အတွက်  အလည်လာသူတို့အပြန်အ မှတ်တရလက်ဆောင်ပေးလိုသူများနဲ့ မိမိတို့နိုင်ငံရဲ့ အမှတ်တရပစ္စည်းကို လက်ဆောင်ပေးလိုသူများ၊ အပြန်လက်ဆောင်များ အတွက် အဆင်ပြေစေမယ့်ရိုးရာလက်မှုပစ္စည်းတွေ ရနိုင်မယ့်ဆိုင်ကို ဒီတစ်ပတ် ဈေးဝယ်လမ်းညွှန်ပေးလိုက်ပါတယ်။ ဒီဆိုင်မှာမြန်မာမှု အမှတ်တရ ရွှေချည်ထိုးငွေချည်ထိုး ပစ္စည်းများအားလုံးကို  ရနိုင်ပြီး  နံရံအလှချိတ်ရွှေချည်ထိုးပန်းချီ ကားအရွယ်စုံအပြင် စာချိတ်များ ဆိုဖာမှီအုံးစွပ် စတာတွေကို ရွှေ ချည်ထိုးထားတာမျိုးပါရနိုင်တာပါ။ အရွယ်အစားနဲ့ လက်ရာသေသပ်မှုတွေအပေါ်မှာ မူတည်ပြီး ဈေးနှုန်းကွာခြားတာဆိုပေမယ့် ကျပ် ၆၀၀၀၀ ခန့်ကနေ ၃၀၀၀၀ ကျပ်ခန့် အတွင်းသာရှိတဲ့  ရွှေချည်ငွေချည်ထိုးပန်းချီပစ္စည်းတွေက လက်ဆောင်အဖြစ်ဆို ဈေးနှုန်းသင့်တယ်လို့ဆို နိုင်ပါတယ်။

အမျိုးသမီးမိတ်ဆွေတွေ အတွက်ဆို ပန်းချီကားသာမက ချည်ပေါင်းသားနဲ့ထိုးထားတဲ့အိတ်တွေပါ ရနိုင်ပါသေးတယ်။ လက်ရာပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားပေမယ့် ရိုးရာပစ္စည်းအဖြစ် လက်ဆောင်ပေးဖို့ သင့်တဲ့အိတ်တွေရဲ့ ဈေးနှုန်းက ၁၅၀၀ ကျပ် လောက်ကနေ ၉၅၀၀ ကျပ်ခန့်ထိလည်းရှိတယ်လို့ သိရပါ တယ်။ ဒီပစ္စည်းတွေက နိုင်ငံခြားသားဧည့်သည်တွေအတွက်တင်မက  ရိုးရာလက်မှုပစ္စည်းကိုနှစ်သက်သူတိုင်းအတွက် မြတ်နိုးစရာ ၀ယ်ချင်စရာပစ္စည်းတွေဖြစ်တာကြောင့် သွားရောက်ဝယ်
ယူချင်တယ်ဆိုရင်တော့ ဗိုလ်ချုပ်အောင် ဆန်းဈေးအရှေ့ဒီရုံဆိုင်အမှတ် (၁)မှာရှိတဲ့ ဂန္ထ၀င်မှာပါလို့ လမ်းညွှန်ပေးလိုက်ပါတယ်။

7daynewsjournal.com